ပဲခူးတိုင်းဒေသကြီးအတွင်းမှာ ဧည့်မထဆန်အဟောင်းနှင့် ဖွဲနုဈေးများသည် ဒီဇင်ဘာလ စတုတ္ထပတ်မှာ အနည်း ငယ်စီ မြင့်တက်လာတယ်လို့ ပဲခူးကုန်စည်ဒိုင်စာရင်းတွေအရ သိရှိရပါသည် ။စပါးလက်ကျန်နည်းပြီး ကြိတ်ခွဲမှုနည်းသွားသည့်အတွက် ဆန်နှင့်ဖွဲနုလက်ကျန်များ နည်းနေချိန်တွင် ဝယ်လိုအားများခြင်းကြောင့် ဒီဇင်ဘာလ တတိယပတ်ထက် ဈေးမြင့်တက်လာတာဖြစ်တယ်လို့ သိရှိရပါသည်။
ပဲခူးတိုင်းဒေသကြီး၏ ဆန်မျိုးစုံအရောင်းအဝယ်ကဏ္ဍသည် ဆန်လက်ကျန်၊ စပါးလက်ကျန် အနည်းအများ၊ ရန်ကုန် ဝယ်လက်နှင့် သုံးစွဲသူတွေများ၏ ဝယ်လိုအား အနည်းအများပေါ် မူတည်ပြီး ဆန်၊ ဆန်ကွဲနှင့် ဖွဲနုဈေးများက အတက်အကျ ဖြစ်ပေါ်နေခြင်း ဖြစ်ပါသည်။ ပဲခူးကုန်စည်ဒိုင်စာရင်းတွေအရ ဒီဇင်ဘာ ၂၂ ရက်က ဧည့်မထအုပ်စုဝင် မနောသုခအဟောင်းတစ်အိတ်ကို ကျပ် ၆ သောင်းခွဲ၊ ဖွဲနုတစ်အိတ်ကို ၂၆၅၂၀ ကျပ်နှင့် အရောင်းအဝယ်ဖြစ်ခဲ့ရာကနေ ဒီဇင်ဘာ ၂၉ ရက်မှာ မနောသုခ အဟောင်းတစ်အိတ် ၇၀၀၀၀ ကျပ်၊ ဖွဲနုတစ်အိတ်ကို ကျပ် ၂၆၇၀၀ ကျပ်နှင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး မနောသုခ အဟောင်းတစ်အိတ်ကို ကျပ် ၅၀၀၀ နှင့် ဖွဲနုတစ်အိတ်ကို ကျပ် ၁၈၀ မြင့်တက်လာကြောင်း သိရှိရပါသည်။
မနောသုခအသစ်နှင့် ပေါ်ဆန်းမွှေးဆန်များ၏ ဈေးနှုန်းများကတော့ တည်ငြိမ်နေပြီး မနောသုခအသစ်တစ်အိတ်ကို ၅၀၀၀ဝ ကျပ်၊ ပေါ်ဆန်းမွှေးဆန်တစ်အိတ်ကို ၁၂၀၀၀ဝ ကျပ်နှင့် အရောင်းအဝယ်ဖြစ်နေတယ်လို့ ပဲခူးကုန်စည်ဒိုင် က သိရှိရပါသည်။ ဆန်ကွဲ B (1,2) နှင့် ဆန်ကွဲ B (2,3,4) ဈေးနှုန်းများကတေ့ာ ဝယ်လိုအားနည်းသည့်အတွက် ကျဆင်းနေပြီး ဆန်ကွဲ B(1,2) တစ်အိတ်ကို ၄၃၀၀ဝ ကျပ်နှင့် ဆန်ကွဲ B (2,3,4) တစ်အိတ် ၃၈၀၀ဝ ကျပ် ဈေးဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။
Source: https://onenewstvchannel.com/
ဧည့်မထဆန်ဟောင်းနှင့် ဖွဲနုဈေး အနည်းငယ်မြင့်တက်
Category:
Local News